Monday, August 5, 2013

နင်မကြိုက်တဲ့ သီချင်းတွေလည်း
ငါ နားထောင်နေတုန်းပဲ
နင်မကြိုက်တဲ့ ကဗျာတွေလည်း
ငါ ရေးနေတုန်းပဲ
နင်မကြားနိုင်မှန်း သိပေမဲ့
"သတိရရဲ့လား"လို့ ယောင်ယောင်ပြီး
ငါ မေးနေတုန်းပဲ
ခုချိန်ထိလည်း
ငါတို့ နှစ်ယောက်က ကမ္ဘာတွေခြားပြီး
ဝေးနေတုန်းပဲ !

No comments:

Post a Comment