Tuesday, August 6, 2013

မျက်လုံးကမြင်အာရုံတွေလည်းေ၀၀ါး
ထိန်းချုပ်မရတဲ့ဝေဒနာတွေလည်းအရည်ပျော်
အဲဒါကဘာကြောင့်လဲ
အချစ်ကြောင့် အမုန်းကြောင့်လား
အဲဒီလို....
ငိုနေတဲ့အသိစိတ်ထဲမှာ
နင်မရှိရင်သိပ်ကောင်းမှာဘဲ......

ပေးဆပ်ခြင်းရဲ့အချစ်
ရလဒ်ကတော့အမုန်း
ဒီလိုမျိုး ၀ဋ်ကြွေးတွေများရှိခဲ့ရင်
ကျေအေးပေးချင်ပါတယ်...

မျှော်လင့်နေတဲ့အချစ်ဆီ
အမုန်းတွေကိုစွန့်ပြီး
ကြိုးစားပြီး ချစ်နေသော်ငြားလည်း
ဘယ်လိုလုပ်ရမလဲကွယ်
တားဆီးမရတဲ့အမုန်းတွေ
ဖြစ်ပေါ်မလာတဲ့အချစ်တွေကြောင့်
ချစ်တယ်လို့အဖြေမပေးချင်ဘူး..........

No comments:

Post a Comment