ဥပုသ်စောင့်တဲ့ ရည် ရွယ် ချက်။
ဥပုသ်စောင့် ဆိုသည်မှာ…
"မိမိစိတ်မှာ ဖြူစင် လာအောင်
အင်္ဂါရှစ်တန် သီလခံ၍
ခြိုးခြံအောင့်အည်း၊ တစ်ဖြောင့်တည်းဖြင့်
စည်းစည်းအားထုတ် ထိုအလုပ်
ဥပုသ်စောင့်ဟုခေါ်။"
ဥပုသ်စောင့်တဲ့ ရည် ရွယ်ချက်ဟာ မိမိစိတ်မှာ ဖြူစင် လာဖို့ပါ။
သီလရေကောင်းနဲ့ စိတ် ရဲ့ အညစ်အကြေးတွေကို ဆေးကြောမယ်ဆိုတဲ့ ရည် ရွယ်ချက်
ထားရပါမယ်။
ဥပုသ်သီတင်း စောင့်သုံးကြတာဟာ မိမိစိတ်မှာ တင် ရှိနေတဲ့ အကုသိုလ် အညစ်အကြေး၊ ကိလေသာတွေကို ဆေးကြောတာပါ။
ဥပုသ်စောင့်တယ်ဆိုတာ ရှစ်ပါးသီလကို စောင့်ထိန်းနေကြတာပါ။ ခြိုးခြံတဲ့ အကျင့်ကို ကျင့်နေရတာပါ။
အရာရာမှာ ခြိုးခြံပြီးတော့ နေရပါမယ်။ စားတာ၊ ဝတ်တာ၊ နေတာ၊ ထိုင် တာကအစ
ခါတိုင်းလို မပြင် မဆင် ရဘူး။ ပလွှားမှု၊ မော်ကြွားမှု မရှိစေရပါဘူး။
သီလစောင့်ရင် မအောင့်နိုင် လို့ မရပါဘူး။ မအောင့်နိုင်တော့ဘူး ဆိုပြီးတော့ ကျူးလွန်မိလိုက်တာနဲ့ တပြိုင် နက် သီလလည်းမဖြူစင်တော့ဘူး။
မညှိုး၊ မနွမ်း၊ မပြောက်မကျား၊ မကျိုး၊ မပေါက် ရှိချင်တယ်ဆိုရင်
လုပ်ချင်လည်း မလုပ်နဲ့ အောင့်ထား။ စားချင်လည်း မစားနဲ့၊ သွားချင်လည်း
မသွားနဲ့၊ ပျော်ချင်လည်း မပျော်နဲ့၊ ပြောချင်လည်း မပြောပါနဲ့။
ရည်
ရွယ်ချက်က ခြိုးခြံ အောင့်အည်းတဲ့ အကျင့်ကို ကျင့်နေတာပါ။ ပီပြင် တဲ့
ဥပုသ်ဖြစ်ဖို့ဆိုရင် မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်ကို
ထိန်းသိမ်းနိုင် ရမယ်။ စောင့်စည်းနိုင် ရပါမယ်။
စောင့်စည်းပြီးတော့
ဘာလုပ် ရမလဲ၊ အားထုတ်နေရမှာပါ။ တရားအလုပ်တွေ အားထုတ်၊ ကုသိုလ်ကောင်းမှုတွေ
များများဖြစ်အောင် အားထုတ်၊ အလုပ်ကိုမှ ဥပုသ်စောင့်တယ်လို့ ခေါ်ပါတယ်။
ဓမ္မဒူတ ဒေါက်တာအရှင် ပညိဿရ ၏
"ဥပုသ်စောင့်တဲ့ ရည် ရွယ်ချက်" မှ ကောက်နှုတ် ကူးယူ ပူဇော်မျှဝေပါသည်။
No comments:
Post a Comment