ဘယ်လိုချစ်သူမျိုးက သင်အပေါ်ကိုပျော်ရွှင်အောင်ထားနိုင်မလဲ.....??? 1. သင်ကို မငိုအောင်လုပ်တဲ့ချစ်သူမျိုးလား
(ချစ်တဲ့သူအတွက် မျက်ရည်မကျရတဲ့ စုံတွဲဆိုတာမရှိတဲ့အတွက်
မငိုအောင်လုပ်တဲ့ချစ်သူဆိုတာမရှိနိုင်ပါဘူး)
2. အမြဲသင်အပေါ် အပြစ်မမြင်တတ်တဲ့ချစ်သူမျိုးလား
(ကိုယ်ချစ်သူကို တကယ်ချစ်တဲ့သူဆိုတာ သူရဲ့အမှားကိုမသိချင်ယောင်
ပြီလစ်လျူရှူထားရင်တော့ ဒါတကယ်ချစ်တဲ့သူမဟုတ်ပါဘူး)
3. အမြဲသင်ကို ချစ်စကားတွေပြောနေတတ်တဲ့သူမျိုးလား
(ချစ်သူစုံတွဲတိုင်း ချစ်စကားပြောကြပါတယ် .....ဒါပေမယ့်
အမြဲတမ်းချစ်နေကြတာမှမဟုတ်တာ တခါတလေတော့
စိတ်ဆိုးစိတ်ကောက်မရှိရင် ချစ်သူစုံတွဲလို့မခေါ်နိုင်ပါဘူး)
4. အမြဲသင်ကို လှတယ်လို့ပါးစပ် တတွတ်တွတ်ပြောနေတဲ့သူမျိုးလား
(ဒါကပိုတောင်မဖြစ်နိုင်ပါဘူး ...ချစ်တဲ့သူဆိုတာ လှတိုင်း ကိုယ်ချစ်သူဖြစ်တာမှ
မဟုတ်တာ ၊ ချစ်လို့ ကိုယ်မျက်စိထဲမှာ လှသွားတာရှိတတ်တာပါ ။ ဒါဆိုသေချာတယ်
သူနည်းနည်းအပိုပြောတတ်နေပြီ )
စုံတွဲတိုင်း အမြဲအဆင်ပြေတယ်ဆိုတာမ၇ှိပေမယ့်
စိတ်ဆိုးစိတ်ကောက်ပြီတိုင်း အဲဒီပြသနာကို အငြိုးအတေးမထားဘဲ
အရင်ကထက်ပိုချစ်ကြမယ်ဆိုရင်.....
တစ်ယောက်မျက်ရည်မကျအောင် တစ်ယောက်က အတတ်နိုင်ဆုံး
တစ်ယောက်အပေါ်တစ်ယောက် နားလည်ကြမယ်ဆိုရင်.....
အမြဲတမ်းမဟုတ်တောင် တနေ့တကြိမ်လောက်သင်သူကို
ချစ်စကားလေးပြောပေးနေမယ်ဆိုရင်......
ကြိုးတခုက နှစ်ဖက်လုံးဆွဲလို့ တင်းလွန်ရင်လဲပြတ်တတ်သလို
အလျော့ပေးလိုက်ရင်လဲ လွတ်သွားတတ်တယ်
ဒါကြောင့် အရာအားလုံးနားလည်မှုနဲ့သစွာတရားသာရှိရင်
သင်တို့အချစ်ကလှပနေမှာ မလွဲဧကန်အမှန်ပါ
No comments:
Post a Comment