Monday, August 5, 2013

သူ ချော့တာကို လိုချင်လို့ စိတ်ကောက်လိုက်မိပါတယ်
သူက စိတ်ဆိုးသွားလို့  ကိုယ်ကပဲ ပြန်ချော့လိုက်ရတာလဲ အခါခါ
တစ်ခါတလေလေးများ စိတ်ဆိုးပီး စကားမပြောပဲနေပြမယ်လို့ 
စဉ်းစားလိုက်တိုင်း သူက ကိုယ့်ထက် ပို နေနိုင်နေတော့ ကိုယ်ကပဲ
အရင် ပြန်ခေါ်လိုက်ရတာလဲ အခါခါ
တစ်ခါခါ သူများ ကိုယ့်ကို အရှုံးပေးလေမလားဆိုပီး အနိုင်ယူ ကြည့်
ပါတယ်...... သူက ကိုယ့်ထက် အနိုင်ယူတတ်တော့ ကိုယ်ကပဲ အရှုံးပေး
လိုက်ရတာလဲ အခါခါ

ရှိပါစေတော့လေ......ကိုယ်ဘ၀က သူဆိုတာ ရှိနေမှ ပြည့်စုံနေတတ်
တာဆိုတော့ ..........တစ်ခါတရံ သူ ပေးတတ်တဲ့ ပျော်ရွှင်မှုလေးတွေက
ကိုယ့်အတွက်တော့ ဘယ်အရာနဲ့ မှမလဲနိုင်အောင် တန်ဖိုးရှိနေခဲ့တာကိုး...

No comments:

Post a Comment