Monday, August 5, 2013

နယူးဇီလန်မှတင်သွင်းသည့် နို့မှုန့်များ တရုတ်ပိတ်ပင် BBC နယူးဇီလန်နိုင်ငံမှ တင်သွင်းသည့် နို့မှုန့်အားလုံးကို တရုတ်အစိုးရမှ ပိတ်ပင်လိုက်ကြောင်း သြဂုတ် ၅ ရက် ကဘီဘီစီ သတင်းဌာနမှ ဖော်ပြထားသည်။ တရုတ်နိုင်ငံအတွင်းသို့ အဓိကတင်သွင်းသည့် နယူးဇီလန်နိုင်ငံမှ Fonterra ၏ ကုန်ပစ္စည်းများတွင် အစာ အဆိပ်သင့်စေသည့် ဗက်တီးရီးယားများတွေ့ရှိရသည့်အတွက် ယခုကဲ့သို့ ပိတ်ပင်လိုက်ခြင်းဖြစ်သည်။ တရုတ်နိုင်ငံတွင်းသို့ တင်သွင်းသည့် နို့မှုန့်အားလုံးနီးပါးမှာ နယူးဇီလန်နိုင်ငံမှ တင်သွင်းနေခြင်းဖြစ်သည်။ ၂၀၀၈ ခုနှစ်တွင် ကျန်းမာရေးနှင့် မညီညွတ်သော နို့မှုန့်များကြောင့် ကလေးငယ်ခြောက်ဦး သေဆုံးစေခဲ့ သည့်အပြင် ၃၀၀,၀၀၀ ခန့် မမာမကျန်းဖြစ်စေခဲ့သည့်ဖြစ်ရပ် နောက်ပိုင်းတွင် တရုတ်နိုင်ငံတွင်းသို့တင်ပို့သည့် နို့မုန့်ဈေးနှုန်းများ မြင့်တက်သွားခဲ့သည်။တရုတ်နိုင်ငံ၏ ဆုံးဖြတ်ချက်မှာ “မှန်ကန်သည့်လုပ်ရပ်တစ် ခုဖြစ်သည်” ဟု နယူး ဇီလန်ကုန်သွယ်ရေးဝန်ကြီးက ပြောကြားလိုက်သည်။ Fonterra အနေဖြင့် ၎င်း၏ကုန်ပစ္စည်းများမှာ သန့်ရှင်းမှုမရှိကြောင်းတွေ့ရှိခဲ့သည် ဟုကြေညာခဲ့ပြီး၊ တရုတ်နိုင်ငံအပါအ၀င် နိုင်ငံပေါင်းခုနစ်နိုင်ငံရှိ နို့ထွက်ပစ္စည်း တန်ချိန်ပေါင်း ၁၀၀၀ ကျော်အား ပြန်လည် ရုပ်သိမ်းရန် ဆော်သြလိုက်သည်။ မသန့်ရှင်းမှု ဖြစ်နိုင်ချေရှိသည့် စားသုံးကုန်များတွင် ကလေးသူငယ်များ သောက်သုံးသည့် နို့မှုန့်များ၊ အားကစားသမားများသောက်သုံးသော ဖျော်ရည်များ၊ ပရိုတိန်းဖျော်ရည်များနှင့် တခြားသော ယမာကာ စားသောက်ကုန်များ ပါဝင်သည်။ အေးချမ်းမွန် Credit To >> Mizzima - News in Burmese << Thanks Re-posted By ACM ၆-8-2013

No comments:

Post a Comment