ဆုတောင်းခဲ့ဖူးပါတယ် ဆုံဆည်းခွင့်ရပါစေလို့...
သိမ်းထားခဲ့ဖူးပါတယ် သူနဲ့တွေ့ရင်ပြောပြချင်တဲ့
စကားလုံးလေးတွေ...
နေချင်ခဲ့တာပါ သူ့ရဲ့အနားမှာအရိပ်ကလေးအဖြစ်နဲ့.
ပေးခဲ့ဖူးပါတယ် အထပ်ထပ်ချည်နှောင်ထားခဲ့တဲ့
ကတိတွေ...
မီးရှို့ခဲ့ဖူးပါတယ် သူ့အတွက်ဆိုပြီးနဲ့ငါ့ရဲ့ မာနတွေ...
အခုတော့ငါလွမ်းခဲ့မိပါတယ် ချစ်သူ...
မင်းကိုတော့မဟုတ်ဘူး အမြတ်တနိုးနဲ့တန်ဖိုးထားပြီး
ပေးခဲ့ဖူးတဲ့ငါ့ရဲ့ အချစ်တွေကို...
No comments:
Post a Comment