နင်ပြောတဲစကားတွေ
ငါယုံကြည့်ပါတယ်
ငါပြောခဲ့တဲ့စကားတွေကိုသာ
နင်မယုံခဲ့တာပါ
နင်လက်မခံနိုင်ငါကို
ထားခဲ့တော့မှာ
ငါသိလိုက်ရတာကတော့
နင်ငါကိုအပျော်တွဲခဲ့တာပေါ့လို့
ငါလက်မခံနိုင်အောင်
နင်ငါကိုပြောရက်ခဲ့တဲ့
သူလေးရယ်နင်ပျော်နေတာလေတွေကို
ငါမြင်တိုင်းပျော်ရင်နဲ့မျက်ရည်တွေကျခဲ့ရတာပါ
အိမ်မက်တွေသာဖြစ်မယ်ဆိုရင်
ငါပျော်မိမယ်လို့တွေးမိတိုင်
နင်မသိအောင်ငါငိုနေခဲ့တာ
ခချစ်သူရယ်
မင်းအတွက်ငါ
Saturday, September 7, 2013
Thursday, August 8, 2013
Wednesday, August 7, 2013
Tuesday, August 6, 2013
ဥပုသ်စောင့်တဲ့ ရည် ရွယ် ချက်။
ဥပုသ်စောင့် ဆိုသည်မှာ…
"မိမိစိတ်မှာ ဖြူစင် လာအောင်
အင်္ဂါရှစ်တန် သီလခံ၍
ခြိုးခြံအောင့်အည်း၊ တစ်ဖြောင့်တည်းဖြင့်
စည်းစည်းအားထုတ် ထိုအလုပ်
ဥပုသ်စောင့်ဟုခေါ်။"
ဥပုသ်စောင့်တဲ့ ရည် ရွယ်ချက်ဟာ မိမိစိတ်မှာ ဖြူစင် လာဖို့ပါ။ သီလရေကောင်းနဲ့ စိတ် ရဲ့ အညစ်အကြေးတွေကို ဆေးကြောမယ်ဆိုတဲ့ ရည် ရွယ်ချက် ထားရပါမယ်။
ဥပုသ်သီတင်း စောင့်သုံးကြတာဟာ မိမိစိတ်မှာ တင် ရှိနေတဲ့ အကုသိုလ် အညစ်အကြေး၊ ကိလေသာတွေကို ဆေးကြောတာပါ။
ဥပုသ်စောင့်တယ်ဆိုတာ ရှစ်ပါးသီလကို စောင့်ထိန်းနေကြတာပါ။ ခြိုးခြံတဲ့ အကျင့်ကို ကျင့်နေရတာပါ။
အရာရာမှာ ခြိုးခြံပြီးတော့ နေရပါမယ်။ စားတာ၊ ဝတ်တာ၊ နေတာ၊ ထိုင် တာကအစ ခါတိုင်းလို မပြင် မဆင် ရဘူး။ ပလွှားမှု၊ မော်ကြွားမှု မရှိစေရပါဘူး။
သီလစောင့်ရင် မအောင့်နိုင် လို့ မရပါဘူး။ မအောင့်နိုင်တော့ဘူး ဆိုပြီးတော့ ကျူးလွန်မိလိုက်တာနဲ့ တပြိုင် နက် သီလလည်းမဖြူစင်တော့ဘူး။
မညှိုး၊ မနွမ်း၊ မပြောက်မကျား၊ မကျိုး၊ မပေါက် ရှိချင်တယ်ဆိုရင် လုပ်ချင်လည်း မလုပ်နဲ့ အောင့်ထား။ စားချင်လည်း မစားနဲ့၊ သွားချင်လည်း မသွားနဲ့၊ ပျော်ချင်လည်း မပျော်နဲ့၊ ပြောချင်လည်း မပြောပါနဲ့။
ရည် ရွယ်ချက်က ခြိုးခြံ အောင့်အည်းတဲ့ အကျင့်ကို ကျင့်နေတာပါ။ ပီပြင် တဲ့ ဥပုသ်ဖြစ်ဖို့ဆိုရင် မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်ကို ထိန်းသိမ်းနိုင် ရမယ်။ စောင့်စည်းနိုင် ရပါမယ်။
စောင့်စည်းပြီးတော့ ဘာလုပ် ရမလဲ၊ အားထုတ်နေရမှာပါ။ တရားအလုပ်တွေ အားထုတ်၊ ကုသိုလ်ကောင်းမှုတွေ များများဖြစ်အောင် အားထုတ်၊ အလုပ်ကိုမှ ဥပုသ်စောင့်တယ်လို့ ခေါ်ပါတယ်။
ဓမ္မဒူတ ဒေါက်တာအရှင် ပညိဿရ ၏
"ဥပုသ်စောင့်တဲ့ ရည် ရွယ်ချက်" မှ ကောက်နှုတ် ကူးယူ ပူဇော်မျှဝေပါသည်။

မျက်လုံးကမြင်အာရုံတွေလည်းေ၀၀ါး
ထိန်းချုပ်မရတဲ့ဝေဒနာတွေလည်းအရည်ပျော်
အဲဒါကဘာကြောင့်လဲ
အချစ်ကြောင့် အမုန်းကြောင့်လား
အဲဒီလို....
ငိုနေတဲ့အသိစိတ်ထဲမှာ
နင်မရှိရင်သိပ်ကောင်းမှာဘဲ......
ပေးဆပ်ခြင်းရဲ့အချစ်
ရလဒ်ကတော့အမုန်း
ဒီလိုမျိုး ၀ဋ်ကြွေးတွေများရှိခဲ့ရင်
ကျေအေးပေးချင်ပါတယ်...
မျှော်လင့်နေတဲ့အချစ်ဆီ
အမုန်းတွေကိုစွန့်ပြီး
ကြိုးစားပြီး ချစ်နေသော်ငြားလည်း
ဘယ်လိုလုပ်ရမလဲကွယ်
တားဆီးမရတဲ့အမုန်းတွေ
ဖြစ်ပေါ်မလာတဲ့အချစ်တွေကြောင့်
ချစ်တယ်လို့အဖြေမပေးချင်ဘူး..........
ထိန်းချုပ်မရတဲ့ဝေဒနာတွေလည်းအရည်ပျော်
အဲဒါကဘာကြောင့်လဲ
အချစ်ကြောင့် အမုန်းကြောင့်လား
အဲဒီလို....
ငိုနေတဲ့အသိစိတ်ထဲမှာ
နင်မရှိရင်သိပ်ကောင်းမှာဘဲ......
ပေးဆပ်ခြင်းရဲ့အချစ်
ရလဒ်ကတော့အမုန်း
ဒီလိုမျိုး ၀ဋ်ကြွေးတွေများရှိခဲ့ရင်
ကျေအေးပေးချင်ပါတယ်...
မျှော်လင့်နေတဲ့အချစ်ဆီ
အမုန်းတွေကိုစွန့်ပြီး
ကြိုးစားပြီး ချစ်နေသော်ငြားလည်း
ဘယ်လိုလုပ်ရမလဲကွယ်
တားဆီးမရတဲ့အမုန်းတွေ
ဖြစ်ပေါ်မလာတဲ့အချစ်တွေကြောင့်
ချစ်တယ်လို့အဖြေမပေးချင်ဘူး..........
ဝမ်းနည်းတဲ့အချစ်မှာပူလောင်တယ်။အဲဒီလိုပူလောင်ချိန်မှာ
ပျှော်ရွှင်ခဲ့ရတဲ့အချိန်တွေကိုပြန်တွေးရင် ပိုပြီးတော့တောင်ဝမ်းနည်းသေးတယ်။
ရက်စက်တယ်ဆိုတာ ကိုယ့်ချစ်သူကိုမျက်ရည်ကျစေတာလား။
ကျခဲ့တဲ့မျက်ရည်ပေါင်းများစွာကိုခွန်အားဖြစ် ပြောင်းလဲပစ်လိုက်ချင်တယ်။
ဒါပေမဲ့ အဲဒီအချိန်မှာ ကိုယ့်ကိုအားပေးမဲ့ သူမှမရှိဘဲ ဘယ်လိုလုပ်ပြီး
ပြောင်းလဲပစ်မှာလဲ။
ကိုယ့်ချစ်တဲ့ သူအပေါ်မှာ နွေးထွေးမှု၊ ကြင်နာမှု ၊ ယုယမှု ဆိုတာရှိရဲ့လား။ ကိုယ့်ကိုကိုယ် မေးခွန်းတွေ ထုတ်ပြီး မေးလိုက်စမ်းပါ။
ကိုယ့်ချစ်တဲ့ သူအပေါ်မှာ နွေးထွေးမှု၊ ကြင်နာမှု ၊ ယုယမှု ဆိုတာရှိရဲ့လား။ ကိုယ့်ကိုကိုယ် မေးခွန်းတွေ ထုတ်ပြီး မေးလိုက်စမ်းပါ။
Subscribe to:
Posts (Atom)